pretty girls

pretty girls

Wednesday, February 18, 2015

လွယ်ကူတဲ့ ချောကလက်မွေးနေ့ကိတ်မုန့် လုပ်နည်း


ပါဝင်တဲ့ပစ်စည်းများ

သကြားအဖြူ ၁/၂ ခွက်
သကြားအညို စားပွဲတင်ဇွန်း ၂ဇွန်း
Sour cream ၁/၂ ခွက်
ဟင်း၇ွက်ဆီ ၁/၃ ခွက်
ကြက်ဥ ၁ လုံး
Vanilla အနံ့ရည် လက်ဖက်၇ည်ဇွန်း ၁ ဇွန်း
ဆား လက်ဖက်၇ည်ဇွန်း ၁/၄ ဇွန်း
All purpose ဂျုံ ၃/၄ ခွက်
Cocoa powder ၁/၄ ခွက်
Baking soda လက်ဖက်၇ည်ဇွန်း ၁/၂ ဇွန်း


Chocolate Ganche (ကိတ်မုန့်အပေါ်မှလောင်း၇န်) လုပ်နည်း

Semi sweet ချောကလက်chips ၉အောင်စ
Heavy cream (ရိုးရိုးနို့ထက်ပိုပြစ်ပါတယ်) ၁ ခွက်





၁။ မစခင် ကိတ်မုန့်ဖုတ်မဲ့ oven ကို ၃၅၀F အပူချိန်ရောက်အောင်ဖွင့်ထားပါ သကြားအဖြူအညို၊ sour cream ဟင်း၇ွက်ဆီ ကြက်ဥ vanilla အနံ့၇ည် တို့ကိုရောထဲ့ပြီး  stand mixer hand held mixer နဲ့ မွှေပါ medium speed ကိုသံုးပ




၂။ အားလုံးရောပြီး အ၇ည်တမျိုးထဲဖြစ်သွား၇င် ဂျုံ Cocoa powder baking soda ထဲ့ပြီးslowspeed နဲ့မွှေပါ အောက်ပါပုံအတိုင်း ဖြစ်အောင်ဖြေးဖြေးချင်းမွှေပါ



၎။ အပေါ်ကလောင်းမဲ့ချောကလက် လုပ်၇န် heavy cream ကိုပူ လာအောင် ကြိုပြီး ချောကလက်များကိုထဲ့ပြီး ချောကလက်များအားလုံး အ၇ည်ပျော်ကာ အောက်ပုံပါအတိုင်း ဖြစ်အောင်နာနာမွှေပါ။

၅။ ကိတ်မုန့်ပေါ်ချောကလက်အ၇ည်များ လောင်းချကာ ကိတ်မုန့်တခုလုံး နေရာမကျန်အောင် လောင်းပါ။ ချောကလက်များက အောက်သို့စီးကျသွားပြီး ညီညီညာညာ layer ဖြစ်အောင်လုပ်ပါ။ တနေရာထူပြီးတနေရာပါးနေ၇င်ကြည့်၇်ျမကောင်းပါ။ ပြီးလျင် ၁-၂ နာရီအခန်းအပူချိန်မှာထားပြီး ကိတ်ကို စာလုံးများ အရုပ်များနဲ့ အလှဆင်နိုင်ပါပြီ

(စားလုံးများ အရုပ်များလုပ်နည်းကို နောက်မှပို့စ်ထပ်တင်ပါမည်)













Thursday, February 12, 2015

Valentine's Day အတွက်လက်သည်းနီနီ













ဒီတပတ်ဆိုးဖြစ်တဲ့ လက်သဲနီအရောင်ကတော့အနီရောင်ပါ။ တံဆိပ်ကတော့ Butter London ဖြစ်ပြီး OPI China Glaze တို့လိုပဲကောင်းပါတယ်။ ဈေးတော့နဲနဲပိုကြီးတယ်။ တပုလင်းကို$၁၅ ပေး၇တယ်။ အဆင်ပြေ၇င်စမ်းကြည့်လို့၇အောင်ပါ။ အ၇င်တင်ထားတဲ့ပို့စ်အတိုင်း base coat နဲ့ top coat ဆိုးဖို့လဲမမေ့နဲ့အုံးနော်...

ကလေးမွေးပြီးခါစ မမများ ညီမလေးများအတွက်


ကလေးမွေးပြီး ဗိုက်စီး၇တာ လှချင်တဲ့မိန်းမသားများအတွက် မဖြစ်မနေလုပ်သင့်တဲ့အရာတခုပါ။ တချို့ဆိုကိုယ်တိုင် ချုပ်ပြီးစီး ကြပါတယ်။ အဲဒါကျတော.နဲနဲ အလုပ်ရှုပ်ပြီး ကျမအခုသုံးတဲ့ ဗိုက်စီး အောက်ခံဘောင်းဘီ ကတော့တော်တော်အဆင်ပြေပါတယ်။ ဘောင်းဘီကအလက်စတစ်သားဖြစ်ပြီး အေ၇ှ့ဖက်မှာဗိုက်စီးတဲ့ အဖတ်က ဘေးတဖတ်စီမှာ ကပ်ခွါနဲ့ အတိုးအလျော. အကြပ်အတင်းလုပ်လို့၇ပါတယ်။ တင်းတင်းစီးချင်၇င်အနောက်ကို ဆွဲပြီးကပ် နဲနဲလျော့ချင်၇င်ေ၇ှ့တိုးပြီးကပ်ရုံပါပဲ။ အ၇မ်းလွယ်ကူပြီး ဝတ်၇တာသက်တောင့်သက်သာရှိပါတယ်။ ဒါပေမဲ့ ဗိုက်မြန်မြန် ချပ်ချင်၇င်တော့ကြပ်ကြပ် အမြဲတမ်းနေ့တိုင်းစီး၇င်တော့ အစပိုင်းနဲနဲ နေထိုင်၇ခက်ပြီး ကြာလာ၇င်အကျင့်ဖြစ်သွားမှာပါ။ လှချင်၇င်တော့နဲနဲ အနာခံ၇မှာပေါ့နော် ဟုတ်ဖူးလား။
နောက်တခုကောင်းတာက ဗိုက်ခွဲပြီးမွေးသူတွေအတွက် သင့်တော်ပြီးအနာသက်သာစေပါတယ်။ ကိုယ်တွေ့ပါ။ ဗိုက်ခွဲပြီး ၂ပတ်လောက်အကြာမှာစပြီးစီး ကြည့်တာချုပ်ရိုးနဲ့ဗိုက်တဝိုက် နာနေတာသက်သာတယ်။ တင်းတင်းတော့မစီးဘူး ကိုယ်ခံနိုင်သလောက်ပဲစီးတယ်။ နောက်ပိုင်းမှတဖြေးဖြေး ကြပ်ပြီးစီးတယ်။ ဗိုက်ကတော့တဖြည်းဖြည်း ချပ်သွားတာပေါ့နော်။ ဘောင်းဘီရဲ့brand ကတော့ Leonisa. US မှာတော့ website ကမှာလို့၇ပါတယ်။ တထည်ကို $25-30 လောက်ပေး၇တယ်။ Size က S, M, L, XL အရောင်က အဖြူ အမဲ အသားရောင်။
Size က တင်ရဲ့အတိုင်းပေါ်မူတည်ပြီး ခွဲထားတာ။ S ဆို၇င် တင်အတိုင်း ၃၃.၅-၃၇.၅ လက်မ၊ M က ၃၇.၅-၄၁ လက်မ၊ L က၄၁-၄၅ လက်မ၊ XL က၄၅-၄၉ လက်မ။ ဒီလောက်ဆို၇င်တော. ဗိုက်စီးချင်တဲ့မမများအတွက် ဒီပစ်စည်လေးကအထောက်အကူဖြစ်မယ်ထင်ပါတယ်။

Thursday, February 5, 2015

မိခင်နို့တိုက်လိုသောကိုယ်ဝန်ဆောင်မိခင် များအတွက် breast pump

 ၁














အခုတခါတော့ မိခင်နို့တိုက်လိုသောကိုယ်ဝန်ဆောင်မိခင်များ အတွက် နို့ညှစ်တဲ့စက်အကြောင်းပါ။ ကျွန်မကိုယ်တိုင်သုံးတဲ့စက်ဖြစ်ပါတယ်။  madela တံဆိပ်ပါ။ style ၃မျိုးလောက်ရှိပြီး ကျမသုံးတာကတော့ freestyle (ပုံ-၁) ပါ။ နို့အပေါ်မှာတပ်တဲ့ခွက်ကတော့ဆိုက်(S,M,L,XL) တွေရှိပါတယ်။ ကိုယ့်နို့အ၇ွယ်အစားပေါ်မူတည်ပြီးသင့်တော်တဲ့ဆိုက်ဝယ်လို့၇ပါတယ်။ တခြား brand တွေထက်ပိုကောင်းပြီး လုံးဝမနာပါဘူး။ အလုပ်လုပ်တဲ့မိခင်တွေ အလုပ်ချိန်အတွင်း နို့၇ည်ကိုဒီစက်နဲ့ညှစ် နို့ပုလင်းနဲ့သိမ်းထားပြီး ခလေးကိုနို့ဘူးတိုက်သလိုတိုက်လို့၇ပါတယ်။ 
ပုံ-၂ မှာကတော့ စက်ကိုသုတ်၇န်wipe၊ နို့ကိုကြာ၇ှည်ေ၇ခဲထားနိုင်အောင် ပလက်စတစ်အိတ်ကလေးများ၊နို့သီးခေါင်းများကွဲပြီးသွေးထွက်လျှင်လိမ်းသောဆေး (nipple cream လို့ခေါ်ပါတယ်။ လိမ်းထားပြီးခလေးနို့တိုက်လို့၇ပါတယ် ခလေးအတွက်ဆိုးကျိုးမ၇ှိပါ)၊ disposable Nursing bra pads ဆိုတာကတော့တခါသုံး ဘော်လီထဲမှာထဲ့ကာထား၇င် နို့သက်တဲ့အခါ ဘော်လီနဲ့အင်ကျီ စိုခြင်းမှကာကွယ်ပေးပါတယ်။
ပုံ-၃ မှာကနောက်ထပ်အပိုနို့ဗူးတွေ၊ေ၇ခဲသေတ်တာထဲသိမ်းတဲ့ဗူးများနဲ့ပလတ်စတစ်အိတ်များဖြစ်ပါတယ်။ အားလုံးက medela ကထုတ်တာဖြစ်ပါတယ်။ 
မမတို့ညီမလေးတို့ မိခင်နို့တိုက်လိုသောကိုယ်ဝန်ဆောင်မိခင်များ အတွက် breast pump ကိုဘယ်တံဆိပ်ကောင်းလို့ဘာဝယ်၇မှန်းမသိဖြစ်နေ၇င်ဒီပို့စ်လေးက အထောက်အကူဖြစ်မယ်ထင်ပါတယ်။ 

Chocolate covered Strawberries (ချောကလက် စတော်ဘယ်ရီ)


New year ညတုံးကလုပ်ဖြစ်တဲ့ ချောကလက်နဲ့စတော်ဘယ်ရီပါ။  
valentine day မှာလုပ်စား၇င်သင့်တော်ပြီး candy တွေချောကလက်ရိုးရိုးတွေထက်တမျိုးဆန်းနေမှာပါ။
ပါဝင်တဲ့ပစ်စည်းများကတော့
၁။ ချောကလက်အမဲ (dark chocolate အပေါ်ပုံ)
၂။ နို့ချောကလက် (milk chocolate အပြာရောင်အထုတ် အပေါ်ပုံ)
၃။ ချောကလက်အဖြူ (white chocolate အပေါ်ပုံ)
၎။ စတော်ဘယ်ရီ ကြီးကြီး အလုံး၂၀
၅။ သွားကြားထိုးတံ သို့မဟုတ် ခ၇င်းတုတ်ချောင်း ၂၁ ချောင်း
၆။ ဇွန်းသေးသေးတချောင်း
၁။စတော်ဘယ်ရီများကိုပုံပါအတိုင်းဒုတ်ထိုးပြီး ချောကလက်များကိုအ၇ည်ဖျော်ပါ။ ချောကလက်များကို microwave ထဲ၃၀ စကန့်ထဲ့ ထုတ်ပြီးမွှေ။ ၂ခါ ၃ခါလောက် လုပ်လိုက်၇င်လိုချင်တဲ့ချောကလက်အနေအထားကို၇ပါပြီ။
၂။ စတော်ဘယ်ရီများကို ချောကလက်များထဲပုံပါအတိုင်းနှစ်ပါ။ 
၃။ ဇွန်းနဲ့ချောကလက်နဲနဲခပ်ပြီး နှစ်ပြီးသားစတော်ဘယ်ရီများပေါ်အလျားလိုက်အစင်းလေးများ လုပ်ပါ။
၎။ သွားကြားထိုးတံဖြင့်အစင်းချောင်းများပေါ်ဒေါင်လိုက်ဆွဲချပါ။ ပုံပါအတိုင်းဒီဇိုင်းမျိုး၇ပါမယ်




Monday, September 15, 2014

Let's polish your nails (လက်သည်းနီလှလှဆိုး၇အောင်)





၁။ base coat ကို ဆိုး​ပါ။ base coat ဆို​တာ​ဘယ်​ဘက်​အစွန်ဆုံး​က​ပုလင်း​ပါ။သူ​ကလက်​သည်း​နီ​အောက်ခံ ဖြစ်​ပီး လက်သည်း​ဝါ တာ လက်သည်း​နီ​အရောင် ဖျက်​ပီး​ရင်​လဲ လက်သည်း​နီ၊ပြာ၊စိမ်း၊ပန်းရောင် ဖြစ်​ခြင်း​မှ ကာ​ကွယ်​ပေး​ပါ​တယ်



၂။ လက်သည်း​နီ​အရောင် နစ်​ထပ်​ဆိုး​ပါ။


၃။ လက်သည်း​နီ​အရောင် ခြောက်​ရင် top coat ဆိုး​ပါ။ top coat ဆို​တာ​ညာ​ဘက်​အစွန်ဆုံး​က​ပုလင်း​ပါ။သူ​ကလက်​သည်း​နီ​ကို ပို​မြန်​မြန် ခြောက်​စေ​ပီး ပြောင်လက်​လက်လေး​ဖြစ်​စေ​ပါ​တယ်။ လက်သည်း​နီ​လဲ ကြာ​ကြာ​ပို ခံ​ပါ​တယ်။
လက်သည်း​နီ​ဆိုး ရင် base coat နဲ့ top coat ကို​အ​မြဲ​သုံး​သင့်​ပါ​တယ်။ ​ဂျီး​ဝင်​တာ​မ​ကြိုက်​လို လက်သည်း​တို​တို​ပဲ​ထား​ပါ​တယ်။ လက်သည်း အရှည် ဆို​ရင်​တော့​ဂျီး​တွေ​ဝင်​မ​နေ​အောင် ဂရုစိုက်​သင့်​ပါ​တယ်။ ဒီ​လောက်​ဆို​ရင် လှပ​တဲ့​လက်သည်း တ​စုံ​ကို ဆိုင်​မ​သွား​ပဲ​အိမ် မှာ​ပဲ​ဆိုး​လို​ရ​ပါ​တယ်

Wednesday, August 20, 2014

DIY Face Mask (အိမ်မှာကိုယ်တိုင်လုပ်နိုင်တဲ့face mask)



ပထမဆုံး post အနေနဲ့ အိမ်မှာလုပ်တဲ့ face mask အကြောင်းပါ။ တံစိပ်ကပုံမှာပါပြီး ဈေးသက်သာကာ အလွန်ကောင်း။ USA မှာအလွယ်တကူဝယ်ယူနိုင်ပါတယ်။ တခြားနိုင်ငံမှသူများ US ကမှာပြီးသုံးကြည့်ပေါ့။ ကဲ mask လုပ်ပုံ ကဒီလို
၁။ mask gel ကိုအထူအပါးညီညီ မျက်နှာတခုလုံး လိမ်းပါ (မျက်ခုံးနဲ့မျက်လုံးနေရာချန်ထားပါ) mask gel ကကပ်စီးစီးနဲ့မို့လို့ နဲနှဲချင်းဗူးကညစ်ပီးခပ်ပါးပါးလိမ်းပါ အများကြီးတခါထဲညစ်ထုတ်ပြီးလိမ်းရင်ထူထူ့ကြီးဖြစ်နေပီးလိမ်းရတာအဆင်မပြေပါ
၂။ ၁၀ - ၂၀ မိနစ်ထားပီးရင် ခြောက်သွားပြီး မေးစေ့အောက်နားမှစခွါပါ (ပုံကိုကြည့်ပါ)
၃။ မျက်နှာတခုလုံး mask ခွါသလိုအဖတ်ကြီးခွါလို့ရပါမယ် (ပုံပါအတိုင်း) တချို့နေရာအဖတ်လေးများကျန်၇င်ေ၇နဲ့ဆေးလိုက်ပါ။
၎။ ပြီး၇င်ပဝါနဲ့တို့ပြီးမျက်နှာသုတ်ပါ။ တပတ်ကို ၂ ခါ သုံး ရင်အကောင်းဆုံးပါ ကျွန်မကတလ ၁ခါပဲသုံးဖြစ်ပါတယ် သုံးပြီးရင်သိသာပါတယ်blackheads နဲ့ dead cell တွေထွက်သွားပြီးမျက်နှာကသန့်သွားပါတယ်။ အဆင်ပြေ၇င်စမ်းကြည့်ကြနော်။